တမန်တော်ဝတ္ထု 13:32-33-42 BCL

32-33 ဒု​တိ​ယ​ဆာ​လံ​တွင်၊`သင်​သည်​ငါ​၏​သား​တော် ဖြစ်​၏။ ယ​နေ့​ပင်​သင့်​အား​သား​တော်​အ​ရာ​ကို ငါ​ပေး​ပြီ' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​နှင့်​အ​ညီ ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင် ပြန်​ထ​မြောက်​စေ​တော်​မူ​သ​ဖြင့် ငါ​တို့​ဘိုး​ဘေး များ​အား​ထား​တော်​မူ​သော​က​တိ​တော်​ကို​သူ တို့​၏​သား​မြေး​ဖြစ်​သူ ငါ​တို့​အ​တွက်​အ​ကောင် အ​ထည်​ဖော်​တော်​မူ​ပြီ။ ငါ​တို့​သည်​ဤ​သ​တင်း ကောင်း​ကို​သင်​တို့​အား​ကြား​ပြော​ရန်​ဤ​အ​ရပ် သို့​ရောက်​ရှိ​နေ​ကြ​ခြင်း​ဖြစ်​၏။-

34-35 နောက်​တစ်​ဖန်​သင်္ချိုင်း​တွင်​မ​ပုပ်​ပျက်​ဘဲ​သေ​ခြင်း မှ ရှင်​ပြန်​ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်​ပတ် သက်​၍​ဘု​ရား​သ​ခင်​က၊`ဒါ​ဝိဒ်​အား​ကောင်း​ချီး​ပေး​ရန်​က​တိ​ပြု​ခဲ့​သည့် နည်း​တူ၊သင်​တို့​အား​လည်း​ယုံ​ကြည်​စိတ်​ချ​ရ​သည့် မြတ်​သော​ကောင်း​ချီး​ပေး​ရန်​ငါ​ပေး​မည်'ဟူ​၍​မိန့်​တော်​မူ​သည်။အ​ခြား​ဆာ​လံ​တွင်၊`ကိုယ်​တော်​သည်​မိ​မိ​အား​သစ္စာ​စောင့်​သည့် အ​စေ​ခံ​ကိုသင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်'ဟု​ပါ​ရှိ​၏။-

36 ဒါ​ဝိဒ်​သည်​မိ​မိ​အ​သက်​ရှင်​စဉ်​ကာ​လ​၌ ဘု​ရား သ​ခင်​အ​ကြံ​အ​စည်​တော်​ရှိ​သည်​အ​တိုင်း လိုက်​လျှောက်​ဆောင်​ရွက်​ပြီး​နောက်​သေ​လွန်​၍ ဘိုး​ဘေး​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​၏။ သူ​၏​ကိုယ်​ခန္ဓာ​သည်​သင်္ချိုင်း​တွင်​ပုပ် ပျက်​သွား​ရ​၏။-

37 သို့​ရာ​တွင်​သေ​ခြင်း​မှ​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​၏​ကိုယ်​ခန္ဓာ ကား​ထို​သို့​ပုပ်​ပျက်​ခြင်း​မ​ရှိ။-

38-39 ညီ​အစ်​ကို​တို့၊ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ပြစ် ပြေ​လွှတ်​ခြင်း​အ​ကြောင်း​ကို သင်​တို့​အား​ငါ ပြော​ကြား​လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို အ​ရှင်​ကို​ယုံ​ကြည်​သူ​အ​ပေါင်း​တို့​သည် မော​ရှေ​၏​ပ​ညတ်​တ​ရား​က မ​ဖြေ​မ​လွှတ် နိုင်​သည့်​အ​ပြစ်​ဟူ​သ​မျှ​မှ​ပြေ​လွတ်​နိုင် ကြောင်း​ကို​လည်း​ကောင်း​သိ​မှတ်​ကြ​လော့။-

40-41 ပ​ရော​ဖက်​ကျမ်း​များ​တွင်၊`ငါ​မိန့်​တော်​မူ​သည်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​တို့၊ နား​ထောင်​ကြ။ အံ့​သြ​လျက်​သေ​ကြ​လော့။ယ​နေ့​ငါ​ပြု​မည့်​အ​မှု​ကို​သူ​တစ်​ပါး​က ရှင်း​လင်း​ဖော်​ပြ​သော်​လည်း၊သင်​တို့​ယုံ​ကြည်​ကြ​လိမ့်​မည်​မ​ဟုတ်'ဟု​ဖော်​ပြ​ပါ​ရှိ​၏။ ထို​ဖော်​ပြ​ချက်​အ​တိုင်း​မ ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့'' ဟု​ဟော​ပြော လေ​၏။

42 တ​ရား​ဇ​ရပ်​မှ​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ထွက်​ခွာ လာ​ကြ​စဉ် လူ​တို့​က​မိ​မိ​တို့​အား​နောက်​လာ မည့်​ဥ​ပုသ်​နေ့​၌ ဤ​အ​ကြောင်း​အ​ရာ​များ​ကို တစ်​ဖန်​ဟော​ပြော​ရန်​တောင်း​ပန်​ကြ​၏။-