တမန်တော်ဝတ္ထု 15:16-17-23 BCL

16-17 `ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။

18 ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း'ဟု​ဖော်​ပြ​ပါ​ရှိ​သည်။

19 ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။-

20 သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။-

21 အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။

22 ထို​အ​ခါ​တ​မန်​တော်​များ၊ အ​သင်း​တော်​လူ ကြီး​များ​နှင့်​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ သည် ကိုယ်​စား​လှယ်​များ​ကို​ရွေး​ချယ်​၍​ပေါ​လု၊ ဗာ​န​ဗ​နှင့်​အ​တူ​အန္တိ​အုတ်​မြို့​သို့​စေ​လွှတ် ရန်​ဆုံး​ဖြတ်​ကြ​၏။ သူ​တို့​သည်​ယုံ​ကြည်​သူ တို့​အ​လွန်​ကြည်​ညို​လေး​စား​ကြ​သော ဗာ​ရှ​ဗ​ခေါ်​ယု​ဒ​နှင့်​သိ​လ​တို့​ကို​ရွေး ချယ်​ကြ​၏။-

23 ထို​သူ​နှစ်​ဦး​၏​လက်​ဖြင့်​စာ​တစ်​စောင်​ပို့​လိုက် ကြ​၏။ ထို​စာ​တွင်၊``သင်​တို့​၏​ညီ​အစ်​ကို​များ​ဖြစ်​ကြ​သော​တ​မန် တော်​များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​အန္တိ အုတ်​မြို့​နှင့်​ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​ရှိ​လူ​မျိုး ခြား​သား​များ​ဖြစ်​ကြ​သော​ညီ​အစ်​ကို​များ အား နှုတ်​ခွန်း​ဆက်​သ​လိုက်​ပါ​သည်။-