တမန်တော်ဝတ္ထု 17:10-16 BCL

10 ညဥ့်​အ​ချိန်​ရောက်​လျှင်​ရောက်​ချင်း​ယုံ​ကြည် သူ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဗေ​ရိ​မြို့ သို့​ထွက်​ခွာ​သွား​စေ​ကြ​၏။ ထို​မြို့​သို့​ရောက်​လျှင် သူ​တို့​သည်​ယု​ဒ​တ​ရား​ဇ​ရပ်​သို့​သွား​ကြ​၏။-

11 ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-

12 ထို့​ကြောင့်​သူ​တို့​အ​များ​ပင်​ယုံ​ကြည်​လာ​ကြ​၏။ ယင်း​သို့​ယုံ​ကြည်​သူ​တို့​တွင်​ဂုဏ်​အ​သ​ရေ​ရှိ ဂ​ရိ​အ​မျိုး​သ​မီး၊ အ​မျိုး​သား​အ​မြောက် အ​မြား​ပါ​ဝင်​၏။-

13 ဗေ​ရိ​မြို့​တွင်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ပေါ​လု​ဟော​ပြော​လျက်​ရှိ​ကြောင်း​ကို သက်​သာ​လော​နိတ်​မြို့​မှ​ယု​ဒ​အ​မျိုး​သား​တို့ သည်​ကြား​သိ​ကြ​သော​အ​ခါ ဗေ​ရိ​မြို့​သို့​လာ ၍​လူ​တို့​အား​ဆူ​ပူ​အောင်​လှုံ့​ဆော်​ပေး​ကြ​၏။-

14 ထို​အ​ခါ​ယုံ​ကြည်​သူ​တို့​သည်​ချက်​ချင်း​ပင် ပေါ​လု​ကို​ပင်​လယ်​ကမ်း​ခြေ​သို့​ထွက်​ခွာ​သွား စေ​ကြ​၏။ သိ​လ​နှင့်​တိ​မော​သေ​တို့​မူ​ကား ဗေ​ရိ မြို့​တွင်​ပင်​နေ​ရစ်​ခဲ့​ကြ​၏။-

15 ပေါ​လု​ကို​လိုက်​ပို့​ကြ​သော​သူ​တို့​သည် သူ​နှင့် အာ​သင်​မြို့​အ​ထိ​လိုက်​သွား​ကြ​၏။ ထို့​နောက် သိ​လ​နှင့်​တိ​မော​သေ​တို့​အ​မြန်​ဆုံး​လိုက် လာ​စေ​ရန်​ညွှန်​ကြား​ချက်​ရ​လျက် ဗေ​ရိ​မြို့ သို့​ပြန်​သွား​ကြ​၏။

16 ပေါ​လု​သည်​အာ​သင်​မြို့​တွင် သိ​လ​နှင့်​တိ​မော​သေ တို့​ကို​စောင့်​ဆိုင်း​လျက်​နေ​စဉ် ထို​မြို့​တွင်​ရုပ်​တု များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည်​ကို​မြင်​သ​ဖြင့် စိတ်​မ​ချမ်း​မ​သာ​ဖြစ်​၏။-