တမန်တော်ဝတ္ထု 17:5-11 BCL

5 သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-

6 ရှာ​၍​မ​တွေ့​ကြ​သော​အ​ခါ​သူ​တို့​သည် ယာ​သုန် နှင့်​တ​ပည့်​တော်​အ​ချို့​တို့​ကို​မြို့​အာ​ဏာ​ပိုင် များ​၏​ရှေ့​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင် ``ဤ​လူ​စု သည်​အ​ရပ်​တ​ကာ​တွင်​ဒုက္ခ​ပေး​ခဲ့​ကြ​ပါ​၏။ သူ​တို့​သည်​ယ​ခု​ကျွန်ုပ်​တို့​မြို့​သို့​လည်း​ရောက် ရှိ​လာ​ကြ​ပါ​ပြီ။ ယာ​သုန်​သည်​ထို​သူ​တို့​ကို မိ​မိ​၏​အိမ်​တွင်​လက်​ခံ​ထား​ပါ​၏။-

7 ထို​သူ​တို့​သည်​ယေ​ရှု​ဟူ​သော​အ​ခြား ဧ​က​ရာဇ်​ဘု​ရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​ကာ ဧ​က​ရာဇ်​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​ဘက် ပြု​ကြ​ပါ​၏'' ဟု​ဟစ်​အော်​ကြ​သော်၊-

8 လူ​ပ​ရိ​သတ်​နှင့်​မြို့​အာ​ဏာ​ပိုင်​များ​သည် ဆူ​ညံ​၍​သွား​ကြ​၏။-

9 အာ​ဏာ​ပိုင်​တို့​သည်​ယာ​သုန်​နှင့်​အ​ပေါင်း​အ​ပါ တို့​အား အာ​မ​ခံ​ငွေ​များ​ကို​ပေး​ဆောင်​စေ​ပြီး နောက်​ထွက်​သွား​ခွင့်​ပြု​ကြ​၏။

10 ညဥ့်​အ​ချိန်​ရောက်​လျှင်​ရောက်​ချင်း​ယုံ​ကြည် သူ​တို့​သည် ပေါ​လု​နှင့်​သိ​လ​တို့​ကို​ဗေ​ရိ​မြို့ သို့​ထွက်​ခွာ​သွား​စေ​ကြ​၏။ ထို​မြို့​သို့​ရောက်​လျှင် သူ​တို့​သည်​ယု​ဒ​တ​ရား​ဇ​ရပ်​သို့​သွား​ကြ​၏။-

11 ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-