တမန်တော်ဝတ္ထု 21:36-40 BCL

36 လူ​ပ​ရိ​သတ်​တို့​သည် ``သူ့​ကို​သတ်​ပါ'' ဟု ဟစ်​အော်​လျက်​လိုက်​ကြ​၏။

37 ပေါ​လု​သည်​မိ​မိ​အား​ရဲ​တိုက်​ထဲ​သို့​ခေါ်​ဆောင် သွား​မည်​ပြု​သော​အ​ခါ တပ်​မှူး​အား``သင်​နှင့် အ​ကျွန်ုပ်​စ​ကား​အ​နည်း​ငယ်​ပြော​ပါ​ရ​စေ'' ဟု​ဆို​၏။``သင်​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​ပြော​တတ် ပါ​သ​လော။-

38 မ​ကြာ​သေး​မီ​အ​ခါ​က​ပုန်​ကန်​ထ​ကြွ​လျက် သူ ပုန်​လေး​ထောင်​ကို​ခေါင်း​ဆောင်​၍ တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​သူ​အီ​ဂျစ်​အ​မျိုး​သား​ပင် မ​ဟုတ်​လော'' ဟု​မေး​၏။

39 ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား​ဖြစ် ပါ​သည်။ ကိ​လိ​ကိ​ပြည်၊ တာ​ရှု​မြို့​တွင်​ဖွား​မြင်​ခဲ့ ၍​ထင်​ရှား​သော​မြို့​ကြီး​သား​ဖြစ်​ပါ​၏။ အ​ကျွန်ုပ် ကို​ကျေး​ဇူး​ပြု​၍​လူ​တို့​အား​စ​ကား​ပြော​ခွင့် ပြု​ပါ'' ဟု​ဆို​၏။

40 တပ်​မှူး​က​ခွင့်​ပြု​သ​ဖြင့်​ပေါ​လု​သည်​လှေ​ခါး ထစ်​ပေါ်​တွင်​ရပ်​လျက် လူ​တို့​အား​လက်​ရိပ်​ပြ​၏။ ထို​သူ​တို့​တိတ်​ဆိတ်​နေ​ကြ​သော​အ​ခါ သူ​သည် ဟေ​ဗြဲ​ဘာ​သာ​စ​ကား​ဖြင့်​မြွက်​ဆို​လျက်၊