7 အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။-
8 အကျွန်ုပ်က `အရှင်၊ ကိုယ်တော်သည်မည်သူဖြစ် ပါသနည်း' ဟုမေးလျှောက်လျှင်ကိုယ်တော်က `ငါသည်သင်နှိပ်စက်ညှဉ်းဆဲသောနာဇရက် မြို့သားယေရှုပင်ဖြစ်၏' ဟုမိန့်တော်မူ၏။-
9 အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။-
10 အကျွန်ုပ်က `အရှင်၊ အကျွန်ုပ်သည်အဘယ်သို့ ပြုရပါမည်နည်း' ဟုမေးလျှောက်လျှင်ကိုယ်တော် က `ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင် ဆောင်ရွက်ရန်ခွဲခန့်သတ်မှတ်ထားသည့်အမှု အရာခပ်သိမ်းကို ထိုမြို့တွင်သင့်အားပြော မည်' ဟုမိန့်တော်မူ၏။-
11 အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။
12 အာနနိဆိုသူသည်အကျွန်ုပ်၏ထံသို့လာ ပါ၏။ သူသည်ပညတ်တရားကိုလိုက်လျှောက် ကျင့်သုံး၍ ဘုရားဝတ်၌မွေ့လျော်သူဖြစ်၏။ ဒမာသက်မြို့ရှိယုဒအမျိုးသားအပေါင်း တို့၏ရိုသေလေးစားခြင်းကိုလည်းခံရ၏။-
13 သူသည်အကျွန်ုပ်၏အနီးတွင်ရပ်လျက် `ညီရှောလု၊ သင်သည်မျက်စိပြန်၍မြင်စေသတည်းဟုဆို၏။ ထိုခဏ၌ပင်လျှင်အကျွန်ုပ်သည်မျက်စိပြန်၍ မြင်သဖြင့်သူ့ကိုကြည့်လိုက်ရာ၊-