တမန်တော်ဝတ္ထု 23:32-35 BCL

32 နောက်​တစ်​နေ့​၌​ခြေ​လျင်​တပ်​သား​များ​သည် ရဲ​တိုက်​သို့​ပြန်​လာ​ခဲ့​ကြ​၏။ မြင်း​တပ်​သား များ​သည်​ပေါ​လု​နှင့်​အ​တူ​ဆက်​လက်​ခ​ရီး ပြု​ရန်​ဖြစ်​၏။-

33 မြင်း​တပ်​သား​များ​သည်​ကဲ​သ​ရိ​မြို့​သို့​ရောက် သော​အ​ခါ တပ်​မှူး​၏​စာ​ကို​ဘု​ရင်​ခံ​မင်း​အား ပေး​ဆက်​ကာ​ပေါ​လု​ကို​ရှေ့​တော်​သို့​သွင်း ကြ​၏။-

34 ဘု​ရင်​ခံ​မင်း​သည်​စာ​ကို​ဖတ်​ပြီး​နောက် ``သင် သည်​အ​ဘယ်​ပြည်​သား​ဖြစ်​သ​နည်း'' ဟု​ပေါ​လု အား​မေး​၏။ ကိ​လိ​ကိ​ပြည်​သား​ဖြစ်​ကြောင်း​ကို ကြား​သိ​သော​အ​ခါ၊-

35 ဘု​ရင်​ခံ​မင်း​က ``ဤ​အ​ရပ်​သို့​သင်​၏​တ​ရား လို​များ​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ သင်​၏ အ​မှု​ကို​ငါ​စစ်​ဆေး​မည်'' ဟု​ဆို​၏။ ထို​နောက် ပေါ​လု​အား​ဟေ​ရုဒ်​မင်း​ကြီး​ဆောက်​လုပ်​ခဲ့ သော​နန်း​တော်​တွင်​အ​စောင့်​အ​ကြပ်​နှင့်​ထား ရန်​အ​မိန့်​ပေး​လေ​သည်။