တမန်တော်ဝတ္ထု 24:1-4 BCL

1 နောက်​ငါး​ရက်​ကြာ​သော​အ​ခါ​ယဇ်​ပု​ရော​ဟိတ် မင်း​အာ​န​နိ​သည် ဘာ​သာ​ရေး​ခေါင်း​ဆောင်​အ​ချို့ တို့​လိုက်​ပါ​လျက် တေ​ရ​တု​လု​နာ​မည်​ရှိ​သော ရှေ့​နေ​နှင့်​အ​တူ​ကဲ​သ​ရိ​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​သူ​တို့​သည်​ဘု​ရင်​ခံ​ဖေ​လဇ်​၏​ရှေ့​တော်​သို့ ဝင်​၍​ပေါ​လု​အ​ကြောင်း​နှင့်​ပတ်​သက်​၍​စွဲ​ချက် တင်​ကြ​၏။-

2 ဘု​ရင်​ခံ​မင်း​သည်​ပေါ​လု​ကို​ရှေ့​တော်​သို့​ခေါ် ယူ​ပြီး​သော​အ​ခါ ရှေ့​နေ​တေ​ရ​တု​လု​က ``အ​ရှင် ဖေ​လဇ်​မင်း၊ အ​ရှင်​၏​အ​မြော်​အ​မြင်​ကြီး​မှု ကြောင့် အ​ကျွန်ုပ်​တို့​သည်​အ​လွန်​အေး​ချမ်း​သာ ယာ​စွာ​နေ​ထိုင်​နိုင်​ကြ​ပါ​၏။ အ​ရှင်​သည် အ​ကျွန်ုပ်​တို့​၏​တိုင်း​ပြည်​အ​ကျိုး​အ​တွက် လို​အပ်​သော​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​မှု များ​ကို​ပြု​လုပ်​ပေး​လျက်​ရှိ​ပါ​၏။-

3 ဤ​ဆောင်​ရွက်​ချက်​များ​ကို​အ​ကျွန်ုပ်​တို့​သည် အ​ရပ်​တ​ကာ​တွင် အ​ခါ​ခပ်​သိမ်း​အ​ထူး ကျေး​ဇူး​တင်​စွာ​ဖြင့်​ကြို​ဆို​ကြ​ပါ​၏။-

4 အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​ချိန်​ကို​များ​စွာ မ​ယူ​လို​ပါ။ သို့​ဖြစ်​၍​အ​ကျဉ်း​ချုပ်​အား​ဖြင့် အ​ကျွန်ုပ်​တို့​လျှောက်​လဲ​သည်​ကို​နား​ထောင် ပါ​ရန်​ပန်​ကြား​ပါ​၏။-