တမန်တော်ဝတ္ထု 24:20-26 BCL

20 အ​ကျွန်ုပ်​ကူး​လွန်​သော​အ​ပြစ်​ကို​အ​ရှင့်​ထံ တွင်​ဖော်​ပြ​စွပ်​စွဲ​သင့်​ပါ​၏။-

21 ထို​သို့​မ​ဟုတ်​လျှင်​လည်း​အ​ကျွန်ုပ်​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​ရှေ့​တွင် ချေ​ပ​လျှောက် လဲ​နေ​စဉ်​အ​ခါ​က `အ​ကျွန်ုပ်​သည်​သူ​သေ တို့​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ကို​မျှော် လင့်​သူ​ဖြစ်​သ​ဖြင့် ယ​နေ့​သင်​တို့​ရှေ့​တွင် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ပါ​၏' ဟူ​၍​ကြွေး ကြော်​ခဲ့​သည့်​စ​ကား​ရပ်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​ပြစ်​မှု​ရှိ​ကြောင်း​ဤ​သူ​တို့​ဖော်​ပြ ကြ​ပါ​စေ'' ဟု​လျှောက်​လေ​၏။

22 ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-

23 ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။

24 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-

25 သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-

26 ဖေလဇ်​သည်​မိ​မိ​အား​ပေါ​လု​လာဘ်​ထိုး​လိမ့် မည်​ဟု​မျှော်​လင့်​ကာ သူ့​အား​မ​ကြာ​မ​ကြာ ခေါ်​၍​စ​ကား​ပြော​လေ​၏။