တမန်တော်ဝတ္ထု 24:23-27 BCL

23 ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။

24 ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-

25 သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-

26 ဖေလဇ်​သည်​မိ​မိ​အား​ပေါ​လု​လာဘ်​ထိုး​လိမ့် မည်​ဟု​မျှော်​လင့်​ကာ သူ့​အား​မ​ကြာ​မ​ကြာ ခေါ်​၍​စ​ကား​ပြော​လေ​၏။

27 နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​ဖေ​လဇ်​၏​ဘု​ရင်​ခံ ရာ​ထူး​ကို​ပေါ​ကိ​ဖေတ္တု​ဆက်​ခံ​ရ​၏။ ဖေ​လဇ် သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက်​နှာ​ရ လို​သ​ဖြင့် ပေါ​လု​အား​ဆက်​လက်​၍​အ​ကျဉ်း ချ​ထား​ခဲ့​၏။