7 တပ်မှူးလုသိသည်လာ၍အကျွန်ုပ်တို့လက် မှအတင်းအဋ္ဌမ္မခေါ်ယူသွားပါ၏။-
8 သူ့အားပြစ်တင်ပြောဆိုသူတို့ကိုလည်းအရှင် ၏ထံသို့လာကြရန်အမိန့်ပေးခဲ့ပါ၏။) အရှင်ကိုယ်တိုင်သူ့အားစစ်ဆေးမေးမြန်းကြည့် ပါလျှင်သူ့အားအကျွန်ုပ်တို့စွပ်စွဲသည့်အချက် အားလုံးကိုကြားသိရပါလိမ့်မည်'' ဟုလျှောက်၏။-
9 ယုဒအမျိုးသားတို့ကလည်း ``ဤစကားများ သည်ဟုတ်မှန်ပါ၏'' ဟုဆိုကာပေါလုကိုဝိုင်း ၍စွပ်စွဲပြောဆိုကြလေသည်။
10 ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
11 အကျွန်ုပ်သည်ယေရုရှလင်မြို့သို့ဘုရား သခင်ကို ဝတ်ပြုကိုးကွယ်ရန်သွားရောက်ခဲ့ သည်မှာတစ်ဆယ့်နှစ်ရက်မျှသာရှိပါသေး သည်။ ဤအချက်များကိုအရှင်စုံစမ်းသိ ရှိနိုင်ပါ၏။-
12 ဗိမာန်တော်တွင်ဖြစ်စေ၊ တရားဇရပ်များ တွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေလူတို့ဆူပူ လှုပ်ရှားအောင် အကျွန်ုပ်လှုံ့ဆော်ပေးသည် ကိုယုဒအမျိုးသားတို့မတွေ့မရှိခဲ့ ကြပါ။-
13 ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။-