တမန်တော်ဝတ္ထု 26:21-28 BCL

21 ထို့​ကြောင့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ် ကို​ဗိ​မာန်​တော်​ထဲ​တွင်​ဖမ်း​ဆီး​၍​သတ်​ရန် ကြိုး​စား​ကြ​ပါ​၏။-

22-23 သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။

24 ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။

25 ပေါ​လု​က ``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ အ​ရှင့်​အား​လေး​နက်​သော အ​မှန်​တ​ရား​ကို​လျှောက်​ထား​ခြင်း​ဖြစ်​ပါ​၏။-

26 အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။-

27 အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။

28 အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။