တမန်တော်ဝတ္ထု 27:25-31 BCL

25 သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-

26 သို့​ရာ​တွင်​ငါ​တို့​သင်္ဘော​သည်​ကျွန်း​တစ်​ခု တွင်​သောင်​တင်​လိမ့်​မည်'' ဟု​ဆို​၏။

27 တစ်​ဆယ့်​လေး​ရက်​မြောက်​သော​ည​၌ ကျွန်ုပ်​တို့ သင်္ဘော​သည်​မြေ​ထဲ​ပင်​လယ်​တွင်​လေ​ပြင်း​မုန် တိုင်း​တိုက်​ခတ်​ရာ​သို့​မျော​ပါ​လျက်​ရှိ​၏။ သန်း ခေါင်​အ​ချိန်​ခန့်​တွင်​သင်္ဘော​သား​တို့​သည် ကမ်း တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ရိပ်​စား​မိ​ကြ​၏။-

28 သူ​တို့​သည်​ရေ​တိမ်​ရေ​နက်​ကို​တိုင်း​ကြည့်​ကြ သော​အ​ခါ ပေ​တစ်​ရာ့​နှစ်​ဆယ်​ရှိ​ကြောင်း​တွေ့ ရ​ကြ​၏။ ရှေ့​သို့​အ​နည်း​ငယ်​သွား​ပြီး​နောက် တစ်​ဖန်​တိုင်း​ကြည့်​ပြန်​ရာ​ပေ​ကိုး​ဆယ်​ရှိ သည်​ကို​တွေ့​ရ​၏။-

29 သူ​တို့​သည်​ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​စိုး သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ​ကျောက်​ဆူး​လေး​ခု ကို​ချ​ပြီး​လျှင် ``မိုး​လင်း​ပါ​စေ'' ဟု​ဆု​တောင်း ကြ​၏။-

30 သင်္ဘော​သား​များ​သည်​သင်္ဘော​ဦး​ပိုင်း​မှ​ကျောက် ဆူး​ချ​မည့်​ဟန်​ဖြင့် အ​သက်​ကယ်​လှေ​ကို​လျှော ချ​၍​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​စဉ်၊-

31 ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-