5 ထိုနောက်ကိလိကိပြည်နှင့်ပံဖုလိပြည်ပင် လယ်ပြင်ကိုဖြတ်၍ကူးကြရာ လုကိပြည် မုရမြို့သို့ရောက်ကြ၏။-
6 ထိုမြို့တွင်ဣတလိပြည်သို့သွားမည့်အာလေ ဇန္ဒြိမြို့မှရောက်ရှိလာသောသင်္ဘောတစ်စင်းကို တွေ့သဖြင့် တပ်မှူးသည်ကျွန်ုပ်တို့အားထို သင်္ဘောပေါ်သို့တက်စေ၏။
7 ကျွန်ုပ်တို့သည်တရွေ့ရွေ့ရက်ပေါင်းများစွာရွက် လွှင့်ပြီးနောက် ကနိဒ်မြို့အနီးသို့ခက်ခက်ခဲခဲ နှင့်ရောက်ကြ၏။ လေမသင့်၍ရှေ့သို့မသွား နိုင်သဖြင့်ကျွန်ုပ်တို့သည်သာလမုန်အငူ အနီးမှဖြတ်၍ ကရေတေကျွန်းတောင်ဘက် လေရိပ်ကိုခိုလျက်ရွက်လွှင့်ကြ၏။-
8 ပင်လယ်ကမ်းနှင့်ခပ်နီးနီးရွက်လွှင့်လျက် ခက် ခက်ခဲခဲနှင့်လာသဲမြို့အနီးဆိပ်သာယာ ဟုခေါ်သောအရပ်သို့ရောက်ကြ၏။
9 ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-
10 ``အချင်းတို့၊ ယခုအခါ၌ပင်လယ်ခရီး ပြုမည်ဆိုပါက သင်္ဘောနှင့်ကုန်ပစ္စည်းများ သာမကကျွန်ုပ်တို့၏အသက်ပါဆုံးရှုံး စရာရှိကြောင်းငါတွေ့မြင်၏'' ဟုသတိ ပေးစကားပြောကြား၏။-
11 သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-