တမန်တော်ဝတ္ထု 28:20-26 BCL

20 သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။

21 ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။-

22 သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။

23 ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။

24 လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-

25 ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။

26 `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။