တမန်တော်ဝတ္ထု 28:23-29 BCL

23 ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။

24 လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-

25 ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။

26 `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။

27 အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လူ​မျိုး​၏ စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊သူ​တို့​၏​နား​များ​သည်​လေး​လျက်​သူ​တို့​၏ မျက်​စိ​များ​သည်​ပိတ်​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။အ​ကယ်​၍​သာ​ဤ​သို့​မ​ဖြစ်​ဘဲ​သူ​တို့​၏ မျက်​စိ​များ​သည်​မြင်​နိုင်​လျက်၊နား​များ​သည်​ကြား​နိုင်​လျက်​စိတ်​နှ​လုံး​များ​သည် သိ​နား​လည်​ကြ​ပါ​မူ၊သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​ကြ​မည် ဖြစ်​၍ငါ​သည်​လည်း​သူ​တို့​အား​ကျန်း​မာ​စေ​တော် မူ​မည်' ''ဟု​ဆို​လေ​သည်။

28 နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။

29 (ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။)