25 ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။ ပေါလုက ``ပရောဖက်ဟေရှာယ အားဖြင့် သင်တို့ဘိုးဘေးတို့အားသန့်ရှင်းသော ဝိညာဉ်တော်ဖော်ပြပုံမှာလျောက်ပတ်လှပေ၏။ ဖော်ပြပုံမှာဤသို့တည်း။
26 `ဤလူမျိုးထံသို့သွား၍ပြောကြားလော့။သင်တို့သည်ကြိုးစား၍နားထောင်သော်လည်း နားလည်လိမ့်မည်မဟုတ်။ကြိုးစား၍ကြည့်သော်လည်းမြင်လိမ့်မည်မဟုတ်။
27 အဘယ်ကြောင့်ဆိုသော်ဤလူမျိုး၏ စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊သူတို့၏နားများသည်လေးလျက်သူတို့၏ မျက်စိများသည်ပိတ်လျက်ရှိသောကြောင့်ဖြစ်၏။အကယ်၍သာဤသို့မဖြစ်ဘဲသူတို့၏ မျက်စိများသည်မြင်နိုင်လျက်၊နားများသည်ကြားနိုင်လျက်စိတ်နှလုံးများသည် သိနားလည်ကြပါမူ၊သူတို့သည်စိတ်သဘောပြောင်းလဲလာကြမည် ဖြစ်၍ငါသည်လည်းသူတို့အားကျန်းမာစေတော် မူမည်' ''ဟုဆိုလေသည်။
28 နိဂုံးချုပ်အနေဖြင့်ပေါလုက ``သို့ဖြစ်၍ ကယ်တင်တော်မူခြင်းဆိုင်ရာဘုရားသခင်၏ ကယ်တင်ခြင်းတရားကို လူမျိုးခြားတို့ကြား နာရန်ဟောပြောမည့်သူတို့ကိုစေလွှတ်ပြီဖြစ် ၍ သူတို့သည်ကြားနာကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိမှတ်ကြလော့'' ဟုဆို၏။
29 (ဤသို့ပေါလုဆိုသောအခါယုဒအမျိုးသား တို့သည် အချင်းချင်းပြင်းထန်စွာငြင်းခုံလျက် ထွက်သွားကြ၏။)
30 ပေါလုသည်ထိုမြို့တွင်နှစ်နှစ်ပတ်လုံး မိမိငှား ရမ်းထားသည့်အိမ်တွင်နေ၏။ မိမိထံလာရောက် ကြသူအပေါင်းတို့အားကြိုဆိုဧည့်ခံလျက်၊-
31 ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။