တမန်တော်ဝတ္ထု 3:11-17 BCL

11 ထို​သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ကို​တွယ် ကပ်​လျက်​နေ​စဉ် လူ​အ​ပေါင်း​တို့​သည်​များ​စွာ အံ့​သြ​လျက် ပေ​တ​ရု​တို့​ရှိ​ရာ​ရှော​လ​မုန်​ဟု နာ​မည်​တွင်​သော​မုခ်​ဆောင်​သို့​ပြေး​၍​လာ ကြ​၏။-

12 ပေ​တ​ရု​သည်​လူ​တို့​ကို​မြင်​လျှင်``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ အ​ဘယ်​ကြောင့်​ငါ​တို့​ကို​စူး စိုက်​၍​ကြည့်​နေ​ကြ​သ​နည်း။ ငါ​တို့​၏​တန်​ခိုး၊ ငါ​တို့​၏​အ​ကျင့်​သီ​လ​အား​ဖြင့် ဤ​သူ​ကို လမ်း​လျှောက်​စေ​နိုင်​သည်​ဟု​ထင်​မှတ်​ကြ​သ​လော။-

13 အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား၊ ငါ​တို့ ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ အား​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ယေ​ရှု​ကို​ဘုန်း​အ​သ ရေ​ထွန်း​တောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ထို အ​ရှင်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​၍ ပိ​လတ်​မင်း ၏​ရှေ့​တော်​တွင်​ပစ်​ပယ်​ခဲ့​ကြ​၏။ ပိ​လတ်​မင်း သည်​ထို​အ​ရှင်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​ဆုံး​ဖြတ်​သော်​လည်း၊-

14 သင်​တို့​က​မူ​သန့်​ရှင်း​ကောင်း​မြတ်​တော်​မူ​သော အ​ရှင်​ကို​ပစ်​ပယ်​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ သတ်​သ​မား​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​ပြီး​လျှင်၊-

15 အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။-

16 ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။''

17 ``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-