တမန်တော်ဝတ္ထု 4:20-26 BCL

20 ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-

21 ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-

22 အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။

23 ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-

24 ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-

25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊`လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

26 လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သောမေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏'ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။