တမန်တော်ဝတ္ထု 4:25-31 BCL

25 ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊`လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

26 လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သောမေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏'ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။

27 ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-

28 ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-

29 အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။-

30 လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''

31 ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။