26 လောကီဘုရင်တို့သည်ထာဝရဘုရားကို ပုန်ကန်ရန်အသင့်ပြင်ဆင်ကြ၏။ကိုယ်တော်နှင့်ကိုယ်တော်စေလွှတ်တော်မူသောမေရှိယအရှင်အားဆန့်ကျင်ဘက်ပြုရန် စုဝေးကြ၏'ဟုမိန့်တော်မူခဲ့ပါ၏။
27 ထိုနည်းတူစွာဟေရုဒ်မင်းနှင့်ပုန္တိပိလတ် မင်းတို့သည် လူမျိုးခြားများ၊ ဣသရေလ အမျိုးသားများနှင့်တကွ ကိုယ်တော်၏သန့်ရှင်း မြင့်မြတ်သောအစေခံဖြစ်သူ၊ မေရှိယအဖြစ် ကိုယ်တော်ဘိသိက်ပေးသူ သခင်ယေရှုကို ဆန့်ကျင်ဘက်ပြုရန်ဤမြို့ထဲတွင်စုဝေး ခဲ့ကြပါ၏။-
28 ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။-
29 အို ထာဝရဘုရား၊ ယခုအခါထိုသူတို့၏ ခြိမ်းခြောက်ခြင်းကိုရှုမှတ်တော်မူပါ။ ကိုယ်တော် ရှင်၏အစေခံတို့အားအရှင့်တရားတော်ကို ရဲရင့်စွာဟောပြောနိုင်ခွင့်ကိုပေးသနားတော် မူပါ။-
30 လူတို့၏အနာရောဂါများကိုပျောက်ကင်း စေရန် ကိုယ်တော်ရှင်၏လက်တော်ကိုဆန့်တော် မူပါ။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော အစေခံသခင်ယေရှု၏နာမတော်အားဖြင့် နိမိတ်လက္ခဏာနှင့်အံ့သြဖွယ်ရာများကို ပြုတော်မူပါ။''
31 ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။
32 ယုံကြည်သူတို့သည်တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြ သဖြင့် မည်သူမျှမိမိ၏ဥစ္စာပစ္စည်းများကိုမိမိပိုင် သည်ဟုမဆိုဘဲ၊ ခပ်သိမ်းသောဥစ္စာပစ္စည်းတို့ကို အများပိုင်ဘုံပစ္စည်းအဖြစ်သာလျှင်ထားရှိ ကြ၏။-