တမန်တော်ဝတ္ထု 4:30-37 BCL

30 လူ​တို့​၏​အ​နာ​ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန် ကိုယ်​တော်​ရှင်​၏​လက်​တော်​ကို​ဆန့်​တော် မူ​ပါ။ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော အ​စေ​ခံ​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​သြ​ဖွယ်​ရာ​များ​ကို ပြု​တော်​မူ​ပါ။''

31 ထို​သို့​ဆု​တောင်း​ကြ​ပြီး​သော​အ​ခါ​၌ သူ​တို့ စု​ဝေး​ရာ​အ​ရပ်​သည်​တုန်​လှုပ်​လေ​၏။ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ လျက် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​ရဲ​ရင့် စွာ​ဟော​ပြော​ကြ​၏။

32 ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။-

33 တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။-

34-35 လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။

36 ယော​သပ်​ဟု​နာ​မည်​တွင်​သော​လူ​တစ်​ယောက် ရှိ​၏။ သူ့​အား​တ​မန်​တော်​တို့​က​ဗာ​န​ဗ​ဟူ​၍ မှည့်​ခေါ်​ကြ​၏။ (ဗာ​န​ဗ​၏​အ​နက်​ကား​အား ပေး​ကူ​ညီ​သူ​ဟူ​၏။) သူ​သည်​ကု​ပ​ရု​ပြည် သား၊ လေ​ဝိ​အ​နွယ်​ဝင်​ဖြစ်​၏။-

37 သူ​သည်​မိ​မိ​ပိုင်​သော​လယ်​ကို​ရောင်း​၍​ငွေ ကို​ယူ​လာ​ပြီး​လျှင် တ​မန်​တော်​တို့​အား ပေး​အပ်​လေ​သည်။