တမန်တော်ဝတ္ထု 5:19-25 BCL

19 သို့​သော်​ည​အ​ခါ​၌​သ​ခင်​ဘု​ရား​၏ ကောင်း​ကင်​တ​မန်​သည် ထောင်​တံ​ခါး​များ ကို​ဖွင့်​၍ တ​မန်​တော်​တို့​ကို​အ​ပြင်​သို့ ခေါ်​ထုတ်​ပြီး​လျှင်၊-

20 ``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။-

21 တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။-

22 ထို​သူ​တို့​သည်​အ​ကျဉ်း​ထောင်​သို့​ရောက်​သော အ​ခါ တ​မန်​တော်​တို့​ကို​မ​တွေ့​ရ​ကြ။ သို့​ဖြစ် ၍​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​ထံ​သို့​ပြန် လာ​ပြီး​လျှင်၊-

23 ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

24 ထို​စ​ကား​ကို​ကြား​လျှင်​ဗိ​မာန်​တော်​အ​စောင့် တပ်​မှူး​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​သည် ``ဤ အ​မှု​ကား​အ​ဘယ်​သို့​ဖြစ်​ပါ​လိမ့်​မည်​နည်း'' ဟု​တွေး​တော​ကြ​၏။-

25 ထို​အ​ခါ​လူ​တစ်​ယောက်​ရောက်​ရှိ​လာ​၍ ``အ​ရှင် တို့​အ​ကျဉ်း​ချ​ထား​ခဲ့​သော​သူ​များ​သည် ဗိ​မာန် တော်​ထဲ​တွင်​ရပ်​လျက်​လူ​တို့​အား​ဟော​ပြော သွန်​သင်​နေ​ပါ​သည်'' ဟု​လျှောက်​၏။-