24 ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
25 ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
26 ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
27 ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
28 သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
29 ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
30 ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင် တို့လက်ဝါးကပ်တိုင်ပေါ်မှာတင်၍သတ်ခဲ့ သောသခင်ယေရှုအား ရှင်ပြန်ထမြောက်စေ တော်မူပြီ။-