တမန်တော်ဝတ္ထု 6:4-10 BCL

4 ငါ​တို့​အ​ဖို့​မှာ​မူ​ဆု​တောင်း​ပတ္ထ​နာ​ပြု​ခြင်း နှင့် တ​ရား​တော်​ကို​ဟော​ပြော​ခြင်း​အား​ဖြင့် သာ​လျှင် အ​ချိန်​ကို​ကုန်​လွန်​စေ​ကြ​မည်'' ဟု ဆို​၏။

5 ဤ​အ​ကြံ​ကို​တ​ပည့်​တော်​အ​ပေါင်း​တို့​နှစ်​သက် ကြ​၏။ သူ​တို့​သည်​သ​တေ​ဖန်​ကို​ရွေး​ချယ်​ကြ ၏။ သ​တေ​ဖန်​သည်​ယုံ​ကြည်​ခြင်း​အား​ကြီး​၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်​ဝ​သူ​ဖြစ် ၏။ ထို့​နောက်​ဖိ​လိပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န​နှင့်​နိ​ကော​လ​တို့​ကို​လည်း​ရွေး​ချယ် ကြ​၏။ နိ​ကော​လ​ကား​ယု​ဒ​အ​မျိုး​သား​မ​ဟုတ်၊ ယု​ဒ​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​အန္တိ​အုတ် မြို့​သား​ဖြစ်​၏။-

6 တ​ပည့်​တော်​တို့​သည်​ထို​သူ​တို့​အား​တ​မန်​တော် တို့​၏​ရှေ့​မှောက်​သို့​ဝင်​ရောက်​စေ​ကြ​၏။ ထို​နောက် တ​မန်​တော်​တို့​သည်​ဆု​တောင်း​ပြီး​လျှင် ထို​သူ တို့​၏​ဦး​ခေါင်း​ပေါ်​မှာ​မိ​မိ​တို့​၏​လက်​ကို တင်​ကြ​၏။

7 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​သည်​ပျံ့​နှံ့​၍ တ​ပည့်​တော်​အ​ရေ​အ​တွက် သည် ယေ​ရု​ရှ​လင်​မြို့​တွင်​များ​စွာ​တိုး​ပွား​လျက် နေ​၏။ ယဇ်​ပု​ရော​ဟိတ်​အ​မြောက်​အ​မြား​ပင် သ​တင်း​ကောင်း​ကို​လက်​ခံ​ယုံ​ကြည်​လာ​ကြ​၏။

8 သ​တေ​ဖန်​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ကြွယ်​ဝ​စွာ​ခံ​စား​ရ​သူ၊ တန်​ခိုး​တော် ကို​ခံ​ယူ​ရ​ရှိ​သူ​ဖြစ်​သ​ဖြင့် အံ့​သြ​ဖွယ်​ရာ အ​မှု​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လေ​၏။-

9 သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​သူ့​ကို​အ​တိုက် အ​ခံ​ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကု​ရေ​နေ​နှင့် အာ​လေ​ဇန္ဒြူ​ယ​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့ ပါ​ဝင်​သည့်​လွတ်​လပ်​သူ​များ ၏​တ​ရား​ဇ​ရပ်​အ​ဖွဲ့​ဝင်​များ​ဖြစ်​၏။ ထို​သူ​တို့​နှင့် တ​ကွ​ကိ​လိ​ကိ​ပြည်​နှင့်​အာ​ရှ​ပြည်​မှ ယု​ဒ​အ​မျိုး သား​အ​ချို့​တို့​သည်​သ​တေ​ဖန်​နှင့်​စ​တင်​ငြင်း​ခုံ ကြ​၏။-

10 သို့​ရာ​တွင်​သ​တေ​ဖန်​သည်​ဝိ​ညာဉ်​တော်​ချ​ပေး သည့်​အ​သိ​ပ​ညာ​နှင့်​ပြော​ဆို​သ​ဖြင့် ထို​သူ တို့​သည်​သူ့​အား​ချေ​ပ​နိုင်​စွမ်း​မ​ရှိ​ကြ။-