တမန်တော်ဝတ္ထု 7:12-18 BCL

12 သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​များ​ရှိ ကြောင်း​ယာ​ကုပ်​ကြား​သော​အ​ခါ မိ​မိ​၏ သား​များ​ကို​ထို​ပြည်​သို့​ပ​ထ​မ​အ​ကြိမ် စေ​လွှတ်​လိုက်​၏။-

13 သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-

14 ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-

15 ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-

16 သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

17 ``ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ထား တော်​မူ​သော က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​ရန်​အ​ချိန်​နီး​ကပ်​လာ​သော​အ​ခါ အီ​ဂျစ် ပြည်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဦး​ရေ များ​စွာ​တိုး​ပွား​ခဲ့​၏။-

18 ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။-