18 ထိုအခါအီဂျစ်ပြည်တွင် ယောသပ်ကိုမသိ သောရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာ၏။-
19 ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။-
20 ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။-
21 သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။-
22 မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။''
23 ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-
24 ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။-