တမန်တော်ဝတ္ထု 7:28-34 BCL

28 ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။-

29 မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။

30 ``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-

31 ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-

32 `ငါ​သည်​သင့်​ဘိုး​ဘေး​များ​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု​ထာ​ဝ​ရ ဘု​ရား​၏​အ​သံ​တော်​ကို​ကြား​ရ​၏။ မော​ရှေ သည်​တုန်​လှုပ်​လျက်​မ​ကြည့်​ဝံ့​ဘဲ​နေ​၏။-

33 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား`သင်​ခြေ​နင်း​ရာ အ​ရပ်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြေ​ဖြစ်​၏။ သင်​၏​ဖိ​နပ်​ကို​ချွတ်​လော့။-

34 အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''