တမန်တော်ဝတ္ထု 7:34-40 BCL

34 အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''

35 ``မော​ရှေ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​သူ​တည်း။ သူ​တို့​က`ငါ​တို့ ကို​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ​အ​ဖြစ်​ဖြင့် သင့် အား​မည်​သူ​ခန့်​ထား​သ​နည်း' ဟု​သူ့​အား​မေး ကြ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​အုပ်​ချုပ်​ရန်​နှင့် မီး​လျှံ​တောက်​သော​ချုံ​တွင် ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​၏​အ​ကူ​အ​ညီ ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လွတ်​မြောက် ရေး​ဆောင်​ရွက်​ရန်​ဘု​ရား​သ​ခင်​စေ​လွှတ်​သော သူ​ဖြစ်​သည်။-

36 သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။-

37 `သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-

38 သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။

39 ``သို့​ရာ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​သည် သူ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။ သူ့​အား​ပစ်​ပယ် ကာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လို​ကြ​၏။-

40 သူ​တို့​က`ငါ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​မည့် ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ။ ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော ဤ​မော​ရှေ​ဆို​သူ​ကား​အ​ဘယ်​သို့​ဖြစ် နေ​သည်​ကို​ငါ​တို့​မ​သိ​ပါ' ဟု​အာ​ရုန်​အား ပြော​ကြား​ကြ​၏။-