တမန်တော်ဝတ္ထု 7:41-47 BCL

41 ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

42 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံးယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။

43 သင်​တို့​သယ်​ဆောင်​လာ​သည့်​အ​ရာ​များ​မှာ မော​လုပ်​ဘု​ရား​စင်​နှင့်၊သင်​တို့​၏​ဘု​ရား​ရှင်​ဖန်​၏​ကြယ်​ဖြစ်​သည်။ထို​အ​ရာ​တို့​သည်​သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရန် သွန်း​လုပ်​သည့်​ရုပ်​တု​များ​ဖြစ်​ကြ​၏။ထို့​ကြောင့်​သင်​တို့​အား​ဗာ​ဗု​လုန်​မြို့​ကို ကျော်​လွန်​အောင်​ပြည်​နှင်​ဒဏ်​ငါ​ပေး​မည်''

44 ``တော​ကန္တာ​ရ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​၌ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် ရှိ​၏။ မော​ရှေ​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ သည့်​ပုံ​စံ​နှင့်​အ​ညီ ထို​တဲ​တော်​ကို​တည် ဆောက်​ခဲ့​၏။-

45 ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-

46 ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-

47 သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''