တမန်တော်ဝတ္ထု 8:1-7 BCL

1 ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။-

2 ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။

3 သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။

4 ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-

5 ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။-

6 လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။-

7 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-