တမန်တော်ဝတ္ထု 8:3-9 BCL

3 သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။

4 ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-

5 ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။-

6 လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။-

7 နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-

8 သို့​ဖြစ်​၍​ထို​မြို့​သူ​မြို့​သား​တို့​သည်​လွန်​စွာ ဝမ်း​မြောက်​ကြ​၏။

9 ထို​မြို့​၌​ရှိ​မုန်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​ဟု​ဆို​ကာ ရှ​မာ​ရိ​အ​မျိုး​သား​တို့​အား​မှော်​အ​တတ်​ကို ပြ​၍​လွန်​စွာ​အံ့​သြ​စေ​၏။-