တမန်တော်ဝတ္ထု 8:32-38 BCL

32 ထို​သူ​ဖတ်​လျက်​နေ​သည့်​ကျမ်း​ချက်​ကား၊``သတ်​ရန်​ဆွဲ​ယူ​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​လည်း​ဆောင်​ယူ​သွား​ကြ​၏။အ​မွှေး​ညှပ်​သူ​တို့​၏​ရှေ့​တွင်​သိုး​သား​ငယ်​သည်နှုတ်​ကို​ပိတ်​ထား​သ​ကဲ့​သို့၊သူ​သည် မိ​မိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။

33 သူ​သည်​ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​၏။တ​ရား​မျှ​တ​မှု​ရှိ​စေ​ရန်​သူ​၏​အ​တွက် ဆောင်​ရွက်​ပေး​မည့်​သူ​မ​ရှိ။ဤ​လော​က​မှ​သူ​၏​အ​သက်​ကို​ရုပ်​သိမ်း​သွား သ​ဖြင့်အ​ဘယ်​သို့​လျှင်၊သူ့​၏​သား​မြေး​များ​ကို ညွှန်​ပြ​နိုင်​မည်​နည်း''ဟူ​၍​ဖြစ်​၏။

34 ထို​အ​ရာ​ရှိ​က``ပ​ရော​ဖက်​သည်​မည်​သူ​၏ အ​ကြောင်း​ကို​ပြော​ဆို​လျက်​နေ​ပါ​သ​နည်း။ မိ​မိ​၏​အ​ကြောင်း​လော၊ အ​ခြား​သူ​တစ်​ယောက် ၏​အ​ကြောင်း​လော၊ အ​ကျွန်ုပ်​အား​ပြော​ပြ​ပါ'' ဟု​ဖိ​လိပ္ပု​အား​ဆို​၏။-

35 ဖိ​လိပ္ပု​သည်​ထို​ကျမ်း​ပိုဒ်​နှင့်​ပင်​အ​စ​ပြု​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​ကို ဟော​ပြော​လေ​၏။-

36 သူ​တို့​နှစ်​ယောက်​သည်​ဆက်​လက်​၍​ခ​ရီး​ပြု ကြ​စဉ်​ရေ​ရှိ​သည့်​အ​ရပ်​သို့​ရောက်​ကြ​၏။ ထို အ​ခါ​အ​ရာ​ရှိ​က``ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ​၏။ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​အ​ကျွန်ုပ်​မ​ခံ​ယူ​စေ​ရန် ဆီး​တား​သည့်​အ​ကြောင်း​ရှိ​ပါ​သ​လော'' ဟု ဆို​၏။

37 (ဖိ​လိပ္ပု​က``သင်​သည်​သ​ခင်​ယေ​ရှု​အား​စိတ် နှ​လုံး​အ​ကြွင်း​မဲ့​ယုံ​ကြည်​ပါ​လျှင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​နိုင်​ပါ​သည်'' ဟု​ပြန်​ပြော​၏။ အ​ရာ​ရှိ က​လည်း``သ​ခင်​ယေ​ရှု​ခ​ရစ်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ကြောင်း​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ သည်'' ဟု​ဆို​၏။)-

38 အ​ရာ​ရှိ​သည်​ရ​ထား​ကို​ရပ်​စေ​ပြီး​နောက် သူ​တို့ နှစ်​ယောက်​သည်​ရေ​ထဲ​သို့​ဆင်း​သွား​ကြ​ပြီး​လျှင် ဖိ​လိပ္ပု​သည်​အ​ရာ​ရှိ​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ပေး​၏။-