တိ​တု 1:4-10 BCL

4 ငါ​တို့​နည်း​တူ​ယုံ​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​အား ဖြင့် ငါ​၏​သား​စစ်​ဖြစ်​သူ​တိ​တု​ထံ​သို့​ဤ​စာ ကို​ငါ​ရေး​သား​ပေး​ပို့​လိုက်​ပါ​သည်။ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​ကယ် တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​သည် သင့်​အား​ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ ပါ​စေ​သတည်း။

5 က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။-

6 အ​သင်း​တော်​ကို​အုပ်​ထိန်း​သူ​သည်​အ​ပြစ်​ဆို စ​ရာ​မ​ရှိ​သူ​ဖြစ်​ရ​မည်။ သူ့​မှာ​ဇနီး​တစ်​ယောက် သာ​ရှိ​ရ​မည်။ သူ​၏​သား​သ​မီး​များ​သည်​ယုံ ကြည်​သူ​များ​ဖြစ်​ရ​မည်။ အ​ပျော်​ကြူး​သူ​များ၊ စ​ကား​နား​မ​ထောင်​သူ​များ​မ​ဖြစ်​စေ​ရ။-

7 အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။-

8 ဧည့်​သည်​ဝတ်​ကို​ပြု​တတ်​သူ၊ ကောင်း​မြတ်​သည့် အ​ရာ​ကို​နှစ်​သက်​တတ်​သူ​ဖြစ်​ရ​မည်။ သူ​သည် မိ​မိ​ကိုယ်​ကို​ထိန်း​ချုပ်​နိုင်​ရ​မည်။ ဖြောင့်​မတ် ရ​မည်။ ဘု​ရား​တ​ရား​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ စည်း​ကမ်း​သေ​ဝပ်​ရ​မည်။-

9 သူ​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ​ကို​စွဲ​မြဲ​စွာ ခံ​ယူ​ယုံ​ကြည်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် တ​ရား​စစ်​တ​ရား​မှန်​အား​ဖြင့်​အား​ပေး​တိုက် တွန်း​နိုင်​လိမ့်​မည်။ ထို​တရား​စစ်​တ​ရား​မှန်​ကို အ​တိုက်​အ​ခံ​ပြု​သူ​တို့​၏​အ​မှား​ကို​လည်း ထောက်​ပြ​နိုင်​လိမ့်​မည်။

10 ထို​တ​ရား​ကို​တော်​လှန်​ကာ​အ​ကျိုး​မဲ့​သည့် စ​ကား​များ​အား​ဖြင့်​လှည့်​စား​တတ်​သူ​အ​များ အ​ပြား​ပင်​ရှိ​၏။ အ​ထူး​သ​ဖြင့်​ယု​ဒ​ဘာ​သာ​မှ ခရစ်​ယာန်​ဘာ​သာ​သို့​ကူး​ပြောင်း​လာ​သူ​တို့ အ​ထဲ​တွင်​ရှိ​ပေ​သည်။-