ဖိ​လေ​မုန် 1:1-7 BCL

1 ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ထမ်း​ရွက် သည့်​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​နှင့်​ငါ​တို့​၏​ညီ​တိ​မော​သေ​ထံ​မှ ငါ တို့​ချစ်​သော​လုပ်​ဖော်​ဆောင်​ဘက်​ဖိ​လေ​မုန်​ထံ သို့​လည်း​ကောင်း၊-

2 ငါ​တို့​နှ​မ​အပ္ပိ၊ ငါ​တို့​၏​ရဲ​ဘော်​စစ်​သည်​တော် အာ​ခိပ္ပု​နှင့် သင်​၏​အိမ်​တွင်​စု​ဝေး​သည့်​အ​သင်း တော်​ဝင်​တို့​ထံ​သို့​လည်း​ကောင်း​စာ​ရေး​လိုက် ပါ​သည်။

3 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​ထံ​တော်​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို သင်​တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ သော။

4-5 ငါ့​ညီ​ဖိ​လေ​မုန်၊ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ပေါင်း​တို့​အား​သင်​ချစ်​ခင်​ပုံ၊ သ​ခင်​ယေ​ရှု​ကို သင်​ယုံ​ကြည်​ပုံ​ကို​ကြား​သိ​ရ​သ​ဖြင့် ငါ​သည် ဆု​တောင်း​ပတ္ထ​နာ​ပြု​သည့်​အ​ခါ​တိုင်း သင့်​ကို အ​ကြောင်း​ပြု​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၏။-

6 ယုံ​ကြည်​သူ​များ​ဖြစ်​ကြ​သော​သင်​နှင့်​ငါ​တို့ သည် အ​ချင်း​ချင်း​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အား ဖြင့် ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​လျက် ငါ​တို့​ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂလာ​အ​ပေါင်း ကို​ပို​မို​နက်​နဲ​စွာ​သိ​ရှိ​နား​လည်​နိုင်​ကြ​ရန် ငါ​ဆု​တောင်း​၏။-

7 ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။