ဖိ​လေ​မုန် 1:16-22 BCL

16 ယ​ခု​အ​ခါ​သူ​သည်​ကျွန်​မျှ​သာ​မ​ဟုတ်​တော့​ဘဲ ခ​ရစ်​တော်​၌​ချစ်​သော​ညီ​အစ်​ကို​ဖြစ်​လာ​ပေ​ပြီ။ သူ​သည်​ငါ​၏​အ​တွက်​အ​လွန်​တန်​ဖိုး​ရှိ​ပေ​သည်။ သို့​ရာ​တွင်​သင်​၏​အ​တွက်​ကျွန်​အ​နေ​နှင့်​လည်း ကောင်း၊ သ​ခင်​ဘု​ရား​၌​ညီ​အစ်​ကို​အ​နေ​နှင့် လည်း​ကောင်း​များ​စွာ​ပို​၍​ပင်​တန်​ဖိုး​ရှိ​မည်။

17 သို့​ဖြစ်​၍​သင်​သည်​ငါ့​အား​မိ​မိ​၏​လုပ်​ဖော် ဆောင်​ဘက်​အ​နေ​ဖြင့် ကြို​ဆို​လက်​ခံ​သ​ကဲ့ သို့​သူ့​အား​ကြို​ဆို​လက်​ခံ​ပါ​လော့။-

18 အ​ကယ်​၍​သူ​သည်​သင့်​အား​တစ်​စုံ​တစ်​ရာ ပြစ်​မှား​မိ​ခဲ့​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ ပေး​ဆပ်​စ​ရာ​ရှိ​ခဲ့​သော်​လည်း​ကောင်း ငါ တာ​ဝန်​ယူ​ပါ​မည်။-

19 ``ငါ​ပေါ​လု​သည်​ထို​အ​ကြွေး​ကို ပေး​ဆပ်​ပါ မည်'' ဟူ​၍ ငါ​ကိုယ်​တိုင်​လက်​မှတ်​ရေး​ထိုး​ပါ​၏။ (သင့်​ကိုယ်​တိုင်​ပင်​လျှင် သင်​၏​ဘ​ဝ​သစ်​အ​တွက် ငါ့​အား​ပေး​ဆပ်​စ​ရာ​ရှိ​ကြောင်း ဖော်​ပြ​ရန် မ​လို​ပါ။-)

20 သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။

21 သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-

22 ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။