ဖိ​လေ​မုန် 1:18-24 BCL

18 အ​ကယ်​၍​သူ​သည်​သင့်​အား​တစ်​စုံ​တစ်​ရာ ပြစ်​မှား​မိ​ခဲ့​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ ပေး​ဆပ်​စ​ရာ​ရှိ​ခဲ့​သော်​လည်း​ကောင်း ငါ တာ​ဝန်​ယူ​ပါ​မည်။-

19 ``ငါ​ပေါ​လု​သည်​ထို​အ​ကြွေး​ကို ပေး​ဆပ်​ပါ မည်'' ဟူ​၍ ငါ​ကိုယ်​တိုင်​လက်​မှတ်​ရေး​ထိုး​ပါ​၏။ (သင့်​ကိုယ်​တိုင်​ပင်​လျှင် သင်​၏​ဘ​ဝ​သစ်​အ​တွက် ငါ့​အား​ပေး​ဆပ်​စ​ရာ​ရှိ​ကြောင်း ဖော်​ပြ​ရန် မ​လို​ပါ။-)

20 သို့​ဖြစ်​၍​ငါ့​ညီ၊ သ​ခင်​ဘု​ရား​၏​မျက်​နှာ​တော် ကို​ထောက်​၍​ငါ့​အား​ကျေး​ဇူး​ပြု​ပါ​လော့။ ခ​ရစ် တော်​၌​ညီ​အစ်​ကို​အ​နေ​ဖြင့်​ငါ့​အား​စိတ်​ရွှင် လန်း​စေ​ပါ​လော့။

21 သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-

22 ထို့​အ​ပြင်​ငါ​တည်း​ခို​ရန်​အ​ခန်း​တစ်​ခု​ကို အ​သင့်​ပြင်​ထား​ပါ​လော့။ အ​ဘယ်​ကြောင့်​ဆို သော်​ဘု​ရား​သ​ခင်​သည်​သင်​တို့​အ​ပေါင်း​၏ ဆု​တောင်း​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​၍ ငါ့ အား​သင်​တို့​ထံ​သို့​ပြန်​လည်​ရောက်​ရှိ​စေ​တော် မူ​လိမ့်​မည်​ဟု​ငါ​မျှော်​လင့်​သော​ကြောင့်​ဖြစ်​၏။

23 ခ​ရစ်​တော်​ယေ​ရှု​အ​တွက်​ကြောင့်​ငါ​နှင့်​အ​တူ အ​ကျဉ်း​ခံ​ရ​သူ​ဧ​ပ​ဖြ​က​လည်း​ကောင်း၊-

24 ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​များ​ဖြစ်​ကြ​သည့် မာ​ကု၊ အာ​ရိတ္တ​ခု၊ ဒေ​မ​နှင့်​လု​ကာ​တို့​က လည်း​ကောင်း​သင့်​ကို​နှုတ်​ဆက်​ကြ​၏။-