ဖိ​လေ​မုန် 1:7-14 BCL

7 ငါ့​ညီ၊ သင်​၏​မေတ္တာ​သည်​ငါ့​အား​အ​လွန်​ဝမ်း မြောက်​စေ​၍​များ​စွာ​အား​တက်​စေ​၏။ သင်​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ အား​စိတ်​ရွှင်​လန်း​စေ​လေ​ပြီ။

8-9 ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​ခ​ရစ်​တော်​၌​ညီ အစ်​ကို​ချင်း​အ​နေ​ဖြင့် သင်​ပြု​သင့်​သည့်​အ​မှု အ​ရာ​ကို​ပြု​ရန်​အ​မိန့်​ပေး​နိုင်​ခွင့်​ရှိ​သည်​ဟု ယုံ​ကြည်​သော်​လည်း ငါ​သည်​သင့်​ကို​ချစ်​သော ကြောင့်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။ ခ​ရစ်​တော် ယေ​ရှု​၏​သံ​တ​မန်​ဖြစ်​သူ၊ ယ​ခု​အ​ခါ​ခ​ရစ် တော်​ယေ​ရှု​အ​တွက်​အ​ကျဉ်း​ခံ​နေ​ရ​သူ​ငါ ပေါ​လု​သည်​သင့်​အား​မေတ္တာ​ရပ်​ခံ​ပါ​၏။-

10 ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​၌​ခ​ရစ် တော်​၌ ငါ​၏​သား​ဖြစ်​လာ​သူ​သြ​နေ​သိမ်​အ​တွက် မေတ္တာ​ရပ်​ခံ​ပါ​၏။-

11 သူ​သည်​ယ​ခင်​က​သင့်​အ​တွက်​အ​သုံး​မ​ဝင်​ခဲ့ သော်​လည်း ယ​ခု​အ​ခါ​သင်​၏​အ​တွက်​နှင့်​ငါ​၏ အ​တွက်​ပါ​အ​သုံး​ဝင်​လာ​လေ​ပြီ။-

12 ငါ​သည်​ငါ​၏​ရင်​သွေး​ကို​သင်​၏​ထံ​သို့​ပြန်​၍ စေ​လွှတ်​လိုက်​ပါ​၏။-

13 ငါ​သည်​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ​ညာ မှု​ကြောင့် အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ်​အ​ခါ​တွင် သင်​၏​ကိုယ်​စား​ငါ့​အား​ကူ​ညီ​စေ​ရန်​သူ့​ကို ခေါ်​ထား​လို​ပါ​သည်။-

14 သို့​ရာ​တွင်​သင်​၏​သ​ဘော​တူ​ညီ​ချက်​မ​ရ​ရှိ ဘဲ​အ​ဘယ်​အ​မှု​ကို​မျှ​ငါ​မ​ပြု​လို​ပါ။ ငါ့​ကို ကူ​ညီ​မ​စ​စေ​ရန်​သင့်​အား​အ​နိုင်​အ​ထက် မ​ပြု​လို​ပါ။ သင်​၏​စေ​တ​နာ​အ​လျောက်​သာ လျှင်​မ​စ​စေ​လို​ပါ​၏။