မဿဲ 1:15-21 BCL

15 ဧ​လုဒ်​၏​သား​သည်​ဧ​လာ​ဇာ၊ ဧလာဇာ​၏​သား​မှာ မ​ဿန်၊ မ​ဿန်​၏​သား​ကား​ယာ​ကုပ်​ဖြစ်​၏။-

16 ယာ​ကုပ်​၏​သား​သည်​မာ​ရိ​၏​ခင်​ပွန်း​ဖြစ်​သူ​ယော​သပ် ဖြစ်​၏။ မာ​ရိ​ကား​မေ​ရှိ​ယ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ခံ​ရ​သော​သ​ခင်​ယေ​ရှု​၏​မယ်​တော်​တည်း။

17 သို့​ဖြစ်​၍​ဆွေ​တော်​စဉ်​မျိုး​တော်​ဆက်​များ​မှာ အာ​ဗြ​ဟံ​မှ​သည်​ဒါ​ဝိဒ်​မင်း​တိုင်​အောင်​တစ်​ဆယ့် လေး​ဆက်၊ ဒါ​ဝိဒ်​မင်း​မှ​သည်​ဣသ​ရေ​လ​အ​မျိုး​သား တို့​ဗာ​ဗု​လုန်​မြို့​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​ခြင်း​ခံ​ရ​ချိန် တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်၊ ဣသ​ရေ​လ​အ​မျိုး​သား တို့ ဗာ​ဗု​လုန်​မြို့​သို့​ရောက်​ရှိ​ချိန်​မှ​သည်​မေ​ရှိ​ယ ဖွား​မြင်​သည်​တိုင်​အောင်​တစ်​ဆယ့်​လေး​ဆက်​ဖြစ် သ​တည်း။

18 သ​ခင်​ယေ​ရှု​ခ​ရစ်​ဖွား​မြင်​တော်​မူ​ပုံ​ကား​ဤ​သို့ တည်း။ မယ်​တော်​မာ​ရိ​နှင့်​ယော​သပ်​တို့​ထိမ်း​မြား​ရန် စေ့​စပ်​ကြောင်း​လမ်း​ထား​ပြီး​နောက်၊ ပေါင်း​သင်း​နေ​ထိုင် မှု​မ​ပြု​ရ​မီ​မာ​ရိ​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​အား​ဖြင့်​ပ​ဋိ​သေနန္ဓ​စွဲ​ကပ်​လေ​၏။-

19 ယော​သပ်​သည်​စိတ်​သ​ဘော​ထား​မြင့်​မြတ်​သူ​ဖြစ် သည်​အ​လျောက်​မာ​ရိ​အား​အ​သ​ရေ​မ​ပျက်​စေ လို​သ​ဖြင့် သူ​နှင့်​စေ့​စပ်​ကြောင်း​လမ်း​ထား​မှု​ကို တိတ်​တ​ဆိတ်​ဖျက်​သိမ်း​ရန်​အ​ကြံ​ရှိ​၏။-

20 ဤ​သို့​အ​ကြံ​ရှိ​နေ​စဉ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။ ထို​ကောင်း​ကင်​တမန်​က ``ဒါ​ဝိဒ်​၏​သား​မြေး​ယော​သပ်၊ သင်​သည်​မာ​ရိ​အား​ဇ​နီး​အ​ဖြစ်​သိမ်း​ပိုက်​ရ​မည်​ကို မ​ကြောက်​နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​ဝမ်း​တွင် ရှိ​သော​ပ​ဋိ​သေနန္ဓ​ကား​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ၏​တန်​ခိုး​တော်​အား​ဖြင့်​ရ​သော​ပ​ဋိ​သေနန္ဓ​ဖြစ်​၏။-

21 သူ​သည်​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​သည်​မိ​မိ​လူ​မျိုး​အား​အ​ပြစ်​မှ​ကယ်​တင် မည့်​အ​ရှင်​ဖြစ်​သော​ကြောင့်​သူ့​ကို​ယေ​ရှု​ဟု နာ​မည်​မှည့်​ရ​မည်'' ဟု​ဆို​၏။