မဿဲ 12:43-49 BCL

43 ``ညစ်​ညမ်း​သော​နတ်​သည်​မိ​မိ​ပူး​ဝင်​နေ​သူ​လူ ထဲ​မှ​ထွက်​သည့်​အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​တွင် လှည့်​လည်​၍​နား​နေ​စ​ရာ​ကို​ရှာ​တတ်​၏။ ယင်း သို့​ရှာ​၍​မ​တွေ့​သော​အ​ခါ၊

44 `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင်​ပြန်​ပါ​အံ့' ဟု​ဆို​၏။ ထို​နေ​ရာ​သို့​ပြန်​ရောက်​သော​အ​ခါ သပ်​ရပ်​စွာ​လှည်း​ကျင်း​ထား​သည်​ကို​တွေ့​သ​ဖြင့်၊

45 သူ​သည်​သွား​၍​မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ် ခု​နစ်​ဦး​ကို​ခေါ်​ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ လေ​၏။ သို့​ဖြစ်​၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဖြစ်​အင် သည်​ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​ရွား​လေ​တော့​၏။ ဤ​ဆိုး​ညစ်​သော​လူ​တို့​သည်​လည်း​ထို​နည်း​အ​တိုင်း ပင်​ခံ​စား​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

46 ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ်​မယ်​တော်​နှင့်​ညီ​တော် များ​ရောက်​လာ​၍​ကိုယ်​တော်​နှင့်​တွေ့​လို​သ​ဖြင့် အ​ပြင်​တွင်​စောင့်​လျက်​နေ​ကြ​၏။-

47 လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။-

48 ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။-

49 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။-