မဿဲ 12:47-50 BCL

47 လူ​တစ်​ယောက်​က ``အ​ရှင်​၏​မယ်​တော်​နှင့်​ညီ​တော် များ​သည်​အ​ရှင်​နှင့်​တွေ့​လို​၍​အ​ပြင်​တွင်​စောင့် နေ​ကြ​ပါ​သည်'' ဟု​လျှောက်​၏။-

48 ကိုယ်​တော်​က ``ငါ့​အ​မိ​ကား​မည်​သူ​နည်း။ ငါ့​ညီ၊ ငါ့​အစ်​ကို​များ​ကား​မည်​သူ​နည်း'' ဟု​ပြန်​၍ မေး​တော်​မူ​၏။-

49 ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​ကို ညွှန်​ပြ​လျက် ``ငါ့​အ​မိ၊ ငါ့​ညီ၊ ငါ့​အစ်​ကို​များ ကား​ဤ​သူ​တို့​တည်း။-

50 ကောင်း​ကင်​ဘုံ​ရှင်​ငါ့​ခ​မည်း​တော်​၏​အ​လို​တော် အ​တိုင်း​ဆောင်​ရွက်​သူ​မှန်​သ​မျှ​သည်​ငါ့​ညီ၊ ငါ့ အစ်​ကို၊ ငါ့​အစ်​မ၊ ငါ့​နှ​မ၊ ငါ့​အ​မိ​တို့​ပေ တည်း'' ဟု​မိန့်​တော်​မူ​၏။