မဿဲ 13:12-18 BCL

12 ဘု​ရား​သ​ခင်​သည်​ရှိ​သူ​အား​ပို​လျှံ​သည့်​တိုင်​အောင် ထပ်​လောင်း​၍​ပေး​တော်​မူ​၍​မ​ရှိ​သူ​ထံ​မှ​ရှိ​သ​မျှ ကို​ပင်​ရုပ်​သိမ်း​တော်​မူ​လိမ့်​မည်။-

13 သူ​တို့​အား​ပုံ​ဥ​ပ​မာ​ဆောင်​၍​ငါ​ပြော​ရ​သည့် အ​ကြောင်း​မှာ​သူ​တို့​သည်​ကြည့်​သော်​လည်း​မ​မြင်၊ နား​ထောင်​သော်​လည်း​မ​ကြား​သို့​မ​ဟုတ်​နား​မ လည်​သော​ကြောင့်​ဖြစ်​၏။

14 ထို့​ကြောင့်၊`ဤ​သူ​တို့​သည်​ကြား​လျက်​နှင့်​နား​လည်​လိမ့်​မည် မ​ဟုတ်။ မြင်​လျက်​နှင့်​သိ​လိမ့်​မည်​မ​ဟုတ်။

15 ဤ​လူ​စု​၏​စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်သူ​တို့​၏​နား​များ​သည်​လေး​လျက်​မျက်​စိ​များ​သည် ပိတ်​လျက်​ရှိ​၏။အ​ကယ်​၍​သာ​သူ​တို့​၏​မျက်​စိ​များ​သည်​မြင်​နိုင်​၍ နား​များ​သည်​ကြား​နိုင်​လျက်၊စိတ်​နှ​လုံး​သည်​လည်း​သိ​နား​လည်​နိုင်​မည်​ဆို​ပါ​မူသူ​တို့​သည်​ငါ့​ကို​ခို​လှုံ​ကိုး​စား​လာ​ကြ​မည်​ဖြစ်​၍၊ငါ​သည်​လည်း​သူ​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပေ​အံ့'ဟု​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​ကြောင်း​ဟေ​ရှာ​ယ ဟော​ချက်​သည်​မှန်​ပေ​၏။

16 ``သင်​တို့​၏​မျက်​စိ​များ​သည်​မြင်​၍​နား​များ​သည် လည်း​ကြား​သော​ကြောင့် သင်​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။-

17 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သင် တို့​မြင်​ရ​သည့်​အ​ရာ​များ​ကို ပ​ရော​ဖက်​နှင့် သူ​တော်​ကောင်း​အ​မြောက်​အ​မြား​ပင်​မြင်​လို​ကြ သော်​လည်း​မ​မြင်​ရ​ကြ​။ သင်​တို့​ကြား​ရ​သည့် အ​ရာ​များ​ကို သူ​တို့​ကြား​လို​ကြ​သော်​လည်း မ​ကြား​ရ​ကြ။

18 ``ထို့​ကြောင့်​မျိုး​ကြဲ​သူ​၏​ပုံ​ဥ​ပ​မာ​အ​နက် အဋ္ဌိပ္ပါယ်​ကို​နား​ထောင်​ကြ​လော့။-