မဿဲ 13:29-35 BCL

29 လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။-

30 ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။

31 သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။-

32 ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။

33 ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။

34 သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။-

35 ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်''ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။