မဿဲ 13:55-58 BCL

55 သူ​သည်​လက်​သ​မား​ဆ​ရာ​၏​သား​မ​ဟုတ်​လော။ သူ့ အ​မိ​သည်​မာ​ရိ​နာ​မည်​ရှိ​သူ​မ​ဟုတ်​ပါ​လော။ သူ့ ညီ​များ​ကား​ယာ​ကုပ်၊ ယော​သပ်၊ ရှိ​မုန်​နှင့်​ယု​ဒ​တို့ မ​ဟုတ်​ပါ​လော။-

56 သူ့​နှ​မ​များ​သည်​လည်း​ငါ​တို့​မြို့​သူ​များ​မ​ဟုတ်​ပါ လော။ သို့​ဖြစ်​ပါ​လျက်​သူ​သည်​ဤ​တန်​ခိုး​ကို​အ​ဘယ် က​ရ​ရှိ​ပါ​သ​နည်း'' ဟု​ဆို​ကာ၊-

57 ကိုယ်​တော်​၏​အ​ပေါ်​၌​အ​ကြည်​ညို​ပျက်​ကြ​၏။သ​ခင်​ယေ​ရှု​က​လည်း ``ပ​ရော​ဖက်​သည်​မိ​မိ​မြို့ နှင့်​မိ​မိ​အိမ်​မှ​လွဲ​၍​အ​ဘယ်​အ​ရပ်​တွင်​မ​ဆို ဂုဏ်​အ​သ​ရေ​ရှိ​၏'' ဟု​မိန့်​တော်​မူ​သည်။-

58 ထို​မြို့​သား​တို့​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား မှု​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​အံ့​သြ​ဖွယ် သော​အ​မှု​တို့​ကို​ထို​မြို့​တွင်​ပြု​တော်​မ​မူ။