1 ဖာရိရှဲများနှင့်ဇဒ္ဒုကဲများသည်အထံတော် သို့လာ၍ကိုယ်တော်အားပရိယာယ်ဆင်လျက် ``ဘုရားသခင်သည်ကိုယ်တော်အားစေလွှတ် တော်မူကြောင်းသိနိုင်ရန်နိမိတ်လက္ခဏာကို ပြတော်မူပါ'' ဟုတောင်းဆိုကြ၏။-
2 ကိုယ်တော်က ``နေဝင်ချိန်၌မိုးတိမ်နီလျှင် ရာသီဥတုသာယာလိမ့်မည်ဟူ၍လည်းကောင်း၊-
3 နံနက်ချိန်၌မိုးတိမ်နီ၍အုံ့မှိုင်းနေလျှင်မိုးရွာ လိမ့်မည်ဟူ၍လည်းကောင်းသင်တို့ပြောတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်ကိုကြည့်ခြင်းအားဖြင့် မိုးလေဝသ၏အခြေအနေကိုသိနိုင်ကြပါ လျက် မျက်မှောက်ခေတ်ကာလ၏အရိပ်အခြေကို မူပိုင်းခြား၍မသိနိုင်ကြပါသလော။-
4 ဤခေတ်လူတို့သည်အလွန်ဆိုးညစ်၍ဘုရား သခင်ကိုယုံကြည်ခြင်းကင်းမဲ့ကြပါသည် တကား။ သင်တို့သည်နိမိတ်လက္ခဏာကိုတောင်း ဆိုကြ၏။ သို့ရာတွင်ယောန၏နိမိတ်လက္ခဏာ မှတစ်ပါးအဘယ်နိမိတ်လက္ခဏာမျှသင်တို့ တွေ့မြင်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။ထိုနောက်ကိုယ်တော်သည်ထိုသူတို့ထံမှထွက် ခွာသွားတော်မူ၏။
5 တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်းသို့ရောက် ကြ၏။ သူတို့သည်အစားအစာများကိုမယူ ခဲ့မိကြ။-