မဿဲ 16:14-20 BCL

14 ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။

15 ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊

16 ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။

17 သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

18 ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-

19 ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

20 ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။