မဿဲ 16:22-28 BCL

22 ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။

23 ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။

24 ထို​နောက်​သ​ခင်​ယေ​ရှု​က ``ငါ့​တ​ပည့်​ဖြစ်​လို​သူ သည်​ကိုယ်​ကျိုး​ကို​စွန့်​ရ​မည်။ ကိုယ့်​လက်​ဝါး​ကပ် တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့​လိုက်​ရ​မည်။-

25 မိ​မိ​အ​သက်​ကို​ကယ်​လို​သူ​သည်​အ​သက်​ဆုံး​ရှုံး​ရ လိမ့်​မည်။ ငါ​၏​အ​တွက်​အ​သက်​ဆုံး​ရှုံး​ရ​သူ​သည် အ​သက်​ကို​ရ​လိမ့်​မည်။-

26 လူ​သည်​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​သော်​လည်း မိ​မိ​၏​အ​သက်​ဆုံး​ရှုံး​လျှင်​အ​ဘယ်​အ​ကျိုး​ရှိ မည်​နည်း။ မိ​မိ​၏​အ​သက်​ကို​အ​ဘယ်​အ​ရာ​နှင့် လဲ​လှယ်​နိုင်​မည်​နည်း။-

27 လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-

28 အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဤ အ​ရပ်​ရှိ​လူ​အ​ချို့​တို့​သည် လူ​သား​အား​ဘု​ရင် အ​ဖြစ်​နှင့်​ကြွ​လာ​တော်​မူ​သည်​ကို​မ​မြင်​မီ မ​သေ​ရ​ကြ'' ဟု​မိန့်​တော်​မူ​၏။