24 သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။-
25 ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
26 သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
27 မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''
28 ``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
29 ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
30 သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-