မဿဲ 2:19-23 BCL

19 ဟေ​ရုဒ်​မင်း​ကွယ်​လွန်​ပြီး​နောက်​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင် တ​မန်​တစ်​ပါး​ကို​အိပ်​မက်​မြင်​မက်​၏။-

20 ကောင်း​ကင်​တ​မန်​က ``သင်​သည်​ထ​၍​သူ​ငယ်​တော် နှင့်​မယ်​တော်​ကို​ခေါ်​ဆောင်​ကာ​ဣသ​ရေ​လ​ပြည်​သို့ ပြန်​သွား​လော့။ သူ​ငယ်​တော်​ကို​သတ်​လို​သူ​တို့​သည် သေ​လွန်​ကြ​လေ​ပြီ'' ဟု​ဆို​၏။-

21 ယော​သပ်​သည်​ထ​၍​သူ​ငယ်​တော်​နှင့်​မယ်​တော်​ကို ဆောင်​ယူ​ကာ ဣ​သ​ရေ​လ​ပြည်​သို့​ပြန်​သွား​လေ​၏။

22 ယု​ဒ​ပြည်​တွင်​အာ​ခေ​လ​သည်​ခ​မည်း​တော်​ဟေ​ရုဒ် မင်း​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စိုး​စံ​လျက်​နေ​၏။ ထို​အ​ကြောင်း​ကို​ကြား​သော​အ​ခါ​ယော​သပ်​သည် ထို​ပြည်​သို့​မ​သွား​ဝံ့​တော့​ချေ။ သူ​သည်​အိပ်​မက် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​ခံ​ယူ​ရ သည့်​အ​တိုင်း​ဂါ​လိ​လဲ​ပြည်​သို့​သွား​၍၊-

23 နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။