မဿဲ 21:39-45 BCL

39 သူ့​ကို​ဖမ်း​ပြီး​ဥ​ယျာဉ်​အ​ပြင်​သို့​ထုတ်​၍ သတ်​ကြ​၏။

40 သို့​ဖြစ်​၍​ဥ​ယျာဉ်​ရှင်​ရောက်​ရှိ​လာ​သော​အ​ခါ ခြံ​သ​မား​တို့​အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း'' ဟု​မေး​တော်​မူ​၏။

41 လူ​တို့​က ``ဥ​ယျာဉ်​ရှင်​သည်​ထို​ဆိုး​သွမ်း​သော သူ​တို့​ကို​အ​မှန်​ပင်​သတ်​ပစ်​ပါ​လိမ့်​မည်။ ဥ​ယျာဉ် ကို​လည်း​စ​ပျစ်​သီး​ပေါ်​ချိန်​၌​သီး​စား​ခ​မှန်​မှန် ပေး​မည့်​အ​ခြား​ခြံ​သ​မား​တို့​အား​ပေး​အပ်​ပါ လိမ့်​မည်'' ဟု​ဖြေ​ကြား​ကြ​၏။

42 သ​ခင်​ယေ​ရှု​က``တိုက်​တည်​သူ​တို့​ပယ်​ထား​သော​ကျောက်​သည်အ​ရေး​အ​ကြီး​ဆုံး​သော​ထောင့်​ချုပ်​ကျောက်​ဖြစ် လာ​ရ​၏။ဤ​အ​မှု​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ငါ​တို့​မျက်​မှောက်​တွင်​အံ့​သြ​ဖွယ်​ရာ​ဖြစ်​လေ​စွ'ဟူ​သော​ကျမ်း​စ​ကား​ကို​သင်​တို့​မ​ဖတ်​ဖူး ကြ​သ​လော။

43 ``သို့​ဖြစ်​၍​သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​ကို​သင်​တို့​ထံ​မှ​ရုပ်​သိမ်း​၍ နိုင်​ငံ​တော်​နှင့်​ထိုက်​လျောက်​သည့်​အ​ကျင့်​သီ​လ ရှိ​သော​လူ​မျိုး​အား​ပေး​လိမ့်​မည်။-

44 (ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​ကြေ​မွ ၍​သွား​ပေ​အံ့။ မိ​မိ​၏​အ​ပေါ်​သို့​ထို​ကျောက် အ​ကျ​ခံ​ရ​သူ​သည်​ညက်​ညက်​ကြေ​၍​သွား​ပေ အံ့'') ဟု​မိန့်​တော်​မူ​၏။

45 ကိုယ်​တော်​၏​ပုံ​ဥ​ပ​မာ​များ​ကို​ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့​ကို​ရည်​မှတ်​၍​မိန့်​တော်​မူ​ကြောင်း​သိ ကြ​၏။-